FAQs

ပညာသင်ကြားရန်မသွားခင်ကာလ

ဂျပန်ဘာသာစကားကျောင်းက သင်ရိုးတွေက ဘယ်လောက်ကြာကြာ တတ်ရလဲ?

မိမိတို့ရွေးချယ်တဲ့ အတန်းပေါ်မူတည်ပြီး ကျောင်းတက်ချိန် ၁နှစ်၊ ၁နှစ် -၃လ ၊ ၁နှစ် -၆လနှင့် ၂နှစ်သင်တန်းဆိုပြီးရှိပါတယ်။ စာရွက်စာတမ်းများကို ၇ လမှ ၆လအတွင်း ကြိုတင်ပြင်ဆင်ရန်လိုအပ်ပါသည်။

ဂျပန်ဘာသာစကား အတွေ့အကြုံမရှိဘဲ Language School Join လို့ရပါသလား?

Hiragana and Katakana ကနေ စတင်လေ့လာလို့ရပါတယ်။

အချိန်ပိုင်း အလုပ်လုပ်နိုင်ပါသလား?

အကယ်၍သင့်မှာ ကျောင်းသားဗီဇာရှိပါက တစ်ပတ်လျှင် ၂၈ နာရီအထိ အချိန်ပိုင်းအလုပ်လုပ်နိုင်ပါတယ်။

အသက်အရွယ်ကန့်သတ်ထားပါသလား?

ကန့်သတ်ထားခြင်းမရှိပါ။ သို့သော် လျှောက်ထားမည်ဆိုပါက အနည်းဆုံး (၁၁) တန်းထိ အောင်မြင်ပြီးသူ (သို့) ဂျပန်ဘာသာစကား N4 (or) 150 hours စာသင်ကြားထားပြီးသူ ဖြစ်ရပါမည်။ လွန့်ခဲ့တဲ့ ၅နှစ်မှစပြီး ယခုအချိန်ထိ ပညာရေးနောက်ခံကို တင်ပြရန်လိုအပ်ပါတယ်။

ကျောင်းသားဗီဇာ ရလဒ်ရဖို့ ဘယ်လောက်ကြာမလဲ?

လျှောက်လွှာတင်သွင်းသည့် အချိန်မှ နှစ်လခွဲခန့် ကြာနိူင်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးမှ အရည်အချင်းပြည့်မှီသော သက်သေခံလက်မှတ် ရရှိပြီးနောက် မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ရလဒ်များကို ဂျပန်နိုင်ငံသို့ ဝင်ရောက်ရန်တစ်လခန့်အလိုတွင်ထုတ်ပြန်ကြေညာပါတယ်။

ပညာသင်နေစဉ်ကာ

ကျောင်း location တွေကရော ?

ကျောင်းများက Tokyo, Osaka, Saga,Kyoto,Nagano, Kobe, Shizuoka,Nagoya စတဲ့ မြို့ကြီးများတွင် တည်ရှိပြီး မိမိနှစ်သက်ရာ မြို့အလိုက်ရွေးချယ်တက် ရောက်နိုင်ပါတယ်။ အနီးအနားတွင်လည်း Convenience store, book store, restaurants တွေများစွာရှိပြီး အဆင်ပြေလွယ်ကူတဲ့ နေရာဖြစ်ပါတယ်။

ကျောင်းလတွေကရော ဘယ်လောက်ရှိပါသလဲ?

မိမိရွေးချယ်ရာ ကျောင်းအပေါ်မူတည်ပြီး တစ်နှစ်လျှင် ¥ 739,000 မှ ¥ 825,000 ထိရှိပါ

ကျောင်းလခကိုခွဲသွင်းလို့ရလား?

Himawari Myanmar Agency မှတာဝန်ယူလျှောက်ပေးနေတဲ့ ကျောင်းများစွာ ရှိတဲ့အနက် မိမိရွေးချယ်တဲ့ ကျောင်းအပေါ်မူတည်ပြီး ကျောင်းလခကို ခွဲသွင်းလို့ရပါတယ်။

အဆောင်ရှိပါလား ။ နေထိုင်စရိတ်ကရော?

Student Dormitories တော့မရှိပါ။ ပျှမ်းမျှဈေးနှုန်း စုစု ပေါင်း ¥ 100,000 မှ ¥150,000 (ဈေးနှုန်းအသေးစိတ် ဥပမာ – ၄၀၀၀ မှ ၇၀၀၀ ယန်း၊ အစားသောက်စရိတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ယန်း၊ မိုဘိုင်းဖုန်း လစဉ် ယန်း ၅,၀၀၀ ၊ ခရီးစရိတ် ၁၀,၀၀၀ ယန်း ၊ အခြားမုန့်ဖိုး ၂၀,၀၀၀ မှ ၃၀,၀၀၀) ။

ပညာသင်ဆုရှိပါသလား?

Student Service Organization (JASSO ) scholarship Program များ -ကျောင်းတက်နေစဉ် ထူးချွန်သော ပညာရေးစွမ်းဆောင်ရည်နှင့် အတန်းတက်မှန်မှု တို့အပေါ်တွင် လျှောက်ထားနိုင်ပါတယ်။

Useful Tips.

ဂျပန်ကို ကျောင်းသွားတက်ဖို့ ပညာအရည်အချင်း ဘာတွေလိုအပ်သလဲ?

အထက်တန်းအောင် ၊ တက္ကသိုလ် တက်ဆဲ၊ တက္ကသိုလ်ပြီးထားသူများ

ဂျပန်မှာ ကျောင်းတက်ဖို့ ကျောင်းလခစရိတ် ဘယ်လောက်ရှိလဲ?

ကျောင်းပေါ်မူတည်ပြီး (၁) နှစ်စာအကြမ်ဖျဉ်း ¥700,000 မှ ¥900,000 (ပြည်တွင်းငွေကြေး အပြောင်းအလဲများက

ဂျပန်မှာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်အကိုင် ဘယ်လိုရှိလဲ?

တရားဝင် အလုပ်ချိန် တစ်ရက် ၄နာရီ တစ်ပတ် ၂၈ နာရီ ပိတ်ရက်ရှည်များတွင် တစ်ပတ် နာရီ ၄၀ တစ်ရက်ပျမ်းမျှလုပ်ခ ¥900 မှ ¥11,000 တစ်လပျမ်းမျှ ¥120,000 မှ ¥150,000

ဂျပန်မှာ ကျောင်းတက်ရင်းနေထိုင်ဖို့ လစဉ်ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ?

တရားဝင် အလုပ်ချိန် တစ်ရက် ၄နာရီ တစ်ပတ် ၂၈ နာရီ ပိတ်ရက်ရှည်များတွင် တစ်ပတ် နာရီ ၄၀ တစ်ရက်ပျမ်းမျှလုပ်ခ ¥900 မှ ¥11,000 တစ်လပျမ်းမျှ ¥120,000 မှ ¥150,000

ဂျပန်မှာ ကျောင်းတက်ရင်းနေထိုင်ဖို့ လစဉ်ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ?

အိမ်လခ ¥30,00 မှ ¥45,000 ကျန်းမာရေးအာမခံ ¥4,000 မှ ¥6,000 စားစရိတ် ¥15,000 မှ ¥ 20,000 ဖုန်းဘေ ¥6,000 မှ ¥10,000 ရထားခ (အိမ်နဲ့ကျောင်း အကွာအဝေးပေါ်မူတည်)

ဂျပန်မှာ ကျောင်းပြီးရင် အလုပ်အကိုင်လွယ်လား?

ကျောင်းပြီးလို့ အလုပ်ချက်ချင်းရရှိဖို့က အရည်အချင်းပေါ်မူတည်ပါတယ်။ N3 နှင့်အထက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူထားသူအတွက် အလုပ်အကိုင်ပိုမိုလွယ်ကူစေပါတယ်။

ဂျပန်မှာ ကျောင်းတက်ရင်း အိမ်ကို ငွေပြန်ပို့ပေးနိုင်လား?

ကျောင်းသားတစ်ယောက်အနေနဲ့ ရရှိတဲ့ ဝင်ငွေက မိမိရဲ့ ကျောင်းစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်များ ကာမိရုံသာရှိသည့်အတွက် ငွေပြန်ပို့ရန်မလွယ်ကူပါ။

ပညာသင်ပြီးနောက်ပိုင်းကာလ

Language School ပြီးတဲ့အခါ ဂျပန်ဘာသာစကား level ဘယ်လောက်ရှိနေ မှာလဲ?

အခြေခံမှစတင်ကာ ကျောင်း ၂နှစ်တက်ပြီးတဲ့အခါမှာ N 2 level နဲ့ညီမျှတဲ့ ဂျပန်ဘာသာစကား အရည်အချင်း ရှိပါမယ်။

ကျောင်းပြီးတဲ့ အခါ အလုပ်မိတ်ဆက်ပေးပါသလား?

ကျောင်းသားရဲ့ specialized Knowledge နဲ့ work experience တွေပေါ်လိုက်ပြီး မိတ်ဆက်ပေးပါတယ်။ CV ဖောင်အတွက် အကြံဉာဏ်ပေးခြင်း ။ကျောင်းနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီကြီးများနှင့် မိတ်ဆက်ပေးခြင်း အစရှိသည်တို့ကို ကျောင်းဘက်မှ ထောက်ပံ့ပေးပါတယ်။

(၂) နှစ်တက်ရတဲ့ ဘာသာစကား သင်တန်းစာရင်းသွင်းထားသော်လည်း (၁) နှစ်ပြည့်ပြီးနောက် တက္ကသိုလ် ဆက်တက်ခြင်း (သို့) အလုပ်ဝင်နိုင်ပါသလား?

ဖြစ်နိုင်ပါတယ်။

Language School မှာ ဘာသာစကားသင်တန်းပြီးတဲ့ အခါ ကျောင်းသားအခွင့်အလမ်းအတွက် ဘာအခွင့်အလမ်းတွေရှိသလဲ?

၈၀ % သော ကျောင်းသားတွေက Higher Education ကိုဆက်တက်လေ့ရှိပြီး ကျန်ကျောင်းသားတွေကလုပ်ငန်းခွင်ဝင်ကြပါတယ်။ Highet Education ဆက်တက်မယ်ဆို ကုန်ကိနိုင်တဲ့ ကျောင်းစရိတ် Estimate တစ်နှစ်လျှင် -National University မှာ 800,000 yen (est) -Private Universities are 1.1 to 1.6 million yen (est) – Liberal arts-based universities are 1.3 to 1.4million yen (est) -Science- based universities နှင့် Vacational schools are 700,000-to-1.3-million-yen (est) တို့ဖြစ်ပါတယ်။